Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

အရိပ် ၂



[English translation below]

ကိုယ်လုံးပေါ် မှန်မရှိတဲ့ အရပ်မှာ ယောကျာ်းတယောက် ဖြစ်ကြည့်ချင်တယ်။  တဘဝလုံးစာ တောင်းလာမိတဲ့ဆုပဲ။ 

လိင်စိတ်ကုန်ခမ်းတဲ့ ရက်အချို့မှာ ရင်သားအစုံနဲ့ တင်သားအစုံကို အနားကချစ်သူထံ အပြီးပေးပစ်လိုက်ချင်တယ်။  ခေတ်စနစ်ဆိုးကြီးကြောင့် ဖြစ်လာတဲ့ ဆန္ဒ။


ဘေးနားက လူဟောင်းတွေက မင်း သတ်သေလိုက်ပါ တော့လို့ အကြိမ်ကြိမ် တိုက်တွန်းတဲ့အခါ ကိုးမြီးဝိုင်းထဲမှာ လူဟောင်းတွေကို လူသစ်တွေနဲ့ ဒဲ့လဲကြေး လောင်းကြေးထပ်လိုက်ချင်တယ်။ 

ဖဲသမားတယောက်ရဲ့ ညဏ်ကောင်းတဲ့ကစားကွက်ပဲ။


မျက်စိရှေ့မှာတင် သေသွားတဲ့ လူအရေအတွက်နဲ့ ကြားရတဲ့ သေနတ်သံအချက်အရေကို  အပေါင်းအနုတ်မလုပ်တတ်ရင်   ခေါင်းထဲကို ကျည်ဆံဖောက်သွားလိုက်တာပဲကောင်းတယ်။ မသေချင်သေးတဲ့လူတယောက်ရဲ့  နောက်ဆုံးဆန္ဒပေါ့။


Shadow (2)

I want to be a man in a place where there is no full-length mirror. 

A prize I've been asking for all my life.

On some days when my sexuality is depleted, I want to give up my breasts and thighs to my lover. 

A desire that has become due to the evil system of the times.

When the old people around me repeatedly urge me to kill myself,

I just want to bet the old people with the new people in the lucky 9-card game.

A good game of a card player.

If you don't know how to add and subtract the number of people who die before your eyes

and the number of gunshots you hear, it's a good idea to put a bullet in your head.

A last wish of a person who doesn't want to die yet.

Comments