Search This Blog
ကျိုးပဲ့နေတဲ့ ကဗျာ အပိုင်းအစ တွေလည်း ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် စကားလုံးအမှိုက်ပုံတခုလည်း ဖြစ်ရင်ဖြစ်နေမှာ။
Featured
- Get link
- X
- Other Apps
ငါ့သံသရာ တလျှောက်လုံး ချစ်ရသူရဲ့ လက်ကောက်ဝတ်နားက လက်ပတ်ကြိုးအနီလေး ဖြစ်ချင်ခဲ့တာ
ငါ့သံသရာ တလျှောက်လုံး ချစ်ရသူရဲ့ လက်ကောက်ဝတ်နားက လက်ပတ်ကြိုးအနီလေး ဖြစ်ချင်ခဲ့တာ
သူ့လက်ပတ်ကြိုးလေးအဖြစ် ဖန်ဆင်းပေးဖို့ ဘုရားသခင်ကို ငါလာဘ်ထိုးလိုက် တိုးလျှိုးလိုက် ကျိန်ဆဲလိုက်နဲ့ နှစ်ဆယ့်သုံးဘဝလုံး ငါ တောင်းဆိုခဲ့လိုက်ရတာ။ တဘဝမှာတော့ ဘုရားသခင်က ငါ့ကို လေအဝှေ့မှာ သူ့အင်္ကျီအနားစနားသွားကပ်တဲ့ သေးငယ်လှတဲ့ ငှက်မွှေးစလေး ဖန်ဆင်းပစ်လိုက်တယ်။ နောက်ဆယ့်ငါးဘဝမှာတော့ ငါက သူညှပ်ထုတ်ပစ်လိုက်တဲ့ ဆံသားစတွေပဲ။ သုံးဘဝလောက်က ငါက သူတီးနေကျ ဂစ်တာလေးရဲ့ ပြတ်ထွက်သွားတဲ့ ဂစ်တာကြိုးတွေ။ နောက်သုံးဘဝမှာတော့ သူရဲ့ ပျောက်သွားတတ်တဲ့ plectrum လေးတွေ။ နောက်ဆုံး ဘုရားသခင်ကို ငါကျိန်ဆဲမိတဲ့ နောက်ဆုံးဘဝမှာ ငါဘာဖြစ်ခဲ့လဲသိလား။ သူဆွဲယူလှန်လိုက်မိတဲ့ ကဗျာ စာအုပ်ထဲက အဆုံးထိ မဖတ်ဖြစ်ခဲ့တဲ့ ကဗျာတပုဒ်။ ငါ့သံသရာ တလျှောက်လုံး ချစ်ရသူရဲ့ လက်ကောက်ဝတ်နားက လက်ပတ်ကြိုးအနီလေး ဖြစ်ချင်ခဲ့တာ။
All through my Saṃsāra* I wanted to be the red band around my lover's wrist
All through my Saṃsāra* I wanted to be the red band around my lover's wrist. For twenty-three lifetimes, I had to ask God to make me into his bracelet, cursing and cursing. In one life, God made me a tiny feather that fluttered to the edge of his shirt in the wind. For the next fifteen lifetimes, I was just the hair he cut off. For about three lifetimes, I was the broken guitar strings of the little guitar he used to play. In the next three lives, I was his little plectrums which often disappeared. Do you know what happened to me in my last life when I finally cursed God? I was a poem that he didn't finish reading from the book of poetry he flipped through. All through my Saṃsāra I wanted to be the red band around my lover's wrist.
Saṃsāra is a Pali word that means "world". It is also the concept of rebirth and "cyclicality of all life, matter, existence", a fundamental belief of most Indian religions. Popularly, it is the cycle of death and rebirth
Popular Posts
Love grows where my Rosemary goes by လက်ဖက်ရည်ချို
- Get link
- X
- Other Apps
Comments
Post a Comment