Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

ဆွန်ညာ

[English version below]

ပန်းတွေကို ယုံပြီး မျက်လုံးတွေကို စုံမှိတ်ထားမိရင်တောင် ကြွေနေတဲ့ ရော်ရွက်ဝါတွေကိုတော့

ငါ နှစ်ခြိုက်စွာ ‌ငေးမောကြည့်နေမိဦးမှာ


ငါ အများကြီးတကယ်မစဥ်းစားနိုင်ဘူး ဆွန်ညာ*

ငါ့ချင်ခြင်းတွေဟာ 

ကဗျာတပုဒ် ရွတ်ဆိုချင်တာ

လက်ဖက်ရည်တခွက်သောက်ချင်တာ

နင့်နှုတ်ခမ်းတွေဆီ အလည်ရောက်ဖူးချင်တာ

ငါ့ခန္ဓာကိုယ်ကို ငှက်မွှေးလောက် 

ပေါ့ပါးစေချင်တာ

ရံဖန်ရံခါ ယောကျာ်းတယောက် ဆံပင်တွေကို ထိုးဖွချင်မိတာ

အမြဲလိုလိုတော့ မနက်ခင်းတိုင်းကို 

ငါ မနိုးထချင်မိတာ

ငါ့ကိုယ်ငါ အပြစ်ရှိတယ်လို့ 

အမြဲတစေ ခံယူနေချင်မိတာ

ငါ့ခါး ငါ့ရင်သား ငါ့လက်မောင်း နဲ့ ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ချင်မိတာ

ငါ့ကိုယ်ပေါ်က အမာရွတ်တွေကို ပန်းတွေအဖြစ် အသွင်ပြောင်း ပွင့်လာစေချင်မိတာ

ငါ သွားရာလမ်းတလျှောက်မှာ ကြွေကျလုဆဲဆဲ သစ်ရွက်ဝါတွေနဲ့ အကြည့်ချင်းဆုံချင်မိတာ

ပန်းတွေကို ယုံပြီး မျက်လုံးတွေကို စုံမှိတ်ထားမိရင်တောင် ကြွေနေတဲ့ ရော်ရွက်ဝါတွေကိုတော့

ငါ နှစ်ခြိုက်စွာ ငေးမောကြည့်နေမိဦးမှာ

ဆွန်ညာ* = အီလျာကာမင်းန်စကီးရဲ့ နားမကြားနိုင်ငံတော်ကဗျာထဲကဇာတ်ကောင်တယောက်အမည်



Even if I close all my eyes believing in the flowers, I'll still gaze fondly at the falling yellowish leaves.


Even if I close all my eyes believing in the flowers, I'll still gaze fondly at the falling yellowish leaves.

I really can't think of much, Sonya*.

My wishes are…  to recite a poem, to drink a cup of tea, to visit your lips, to have a body which is as light as a feather.., to play with a man’s hair every so often…

As always I wish not to wake up every morning and wish to feel guilty about myself consistently.

Wishing to cut my waist, my breasts, my arms, and other parts of my body…

And wishing the scars on my body to turn into flowers and bloom

Along the way where I am going, I really wish to have eye contact with the yellowish leaves that are about to fall

Even if I close all my eyes believing in the flowers, I'll still gaze fondly at the falling yellowish leaves.

Sonya* = a character in the Deaf Republic poem by Ilya Karminsky.

Comments